Friday, March 29, 2013

မိမိရဲ့ IP Address ကိုဖျောက်ထားချင်သူတွေအတွက် Mask My IP

 အင်တာနက်မှာ မိမိရဲ့ IP Address ကိုတခြားသူတွေမသိစေချင်လို့ဖျောက်ထားချင်ရင်..

ဒါမှမဟုတ် Hack မှာကြောက်လို့ Fake IP အဖြစ်နဲ့အင်တာနက်ကစားချင်ရင် ဒီဆော့ဝဲလေး

ကိုသုံးကြည့်ပါ။မိမိရဲ့ IP လိပ်စာကို Fake ကိုကလစ်ပေးပြီးပြောင်းထားလိုက်ရင် IP ကိုလိုက်လို့

မရတော့ပါဘူး။

Set up ကို Instrall လုပ်ပါ။

Patch ဖိုင်ကို Double ကလစ်ဖြင့် Run ပါ။ 

Patch ကိုကလစ်ပေးပါ။သုံးလို့ရပါပြီ။

                                              Download

Microsoft Access 2010 ဖြင့် Database Program ရေးဆွဲခြင်း

 ရေးသူ    =အမည်မသိ

File Size   =7 Mb  (PDF)

                            Download

အင်္ဂလိပ်+မြန်မာ ရုပ်ပြ အဘိဓါန်(ကီးကီး)

 ရေးသားသူ    =ကီးကီး

ဖိုင်ဆိုဒ်           =10.6 Mb

PDF

                                Download

Saturday, March 2, 2013

Online ဖြင့် Android ဖုန်းများကိုRoot လုပ်ခြင်း




D

အွန်လိုင်းနဲ့Root လုပ်ချင်ရင်....

၁။အောက်ကလင့်က် ကိုအရင်ဝင်ပါ။

Google Play-All about Root

၂။မိမိရဲ့ Google Account နဲ့ Sign in လုပ်ပါ။

၃။မိမိဖုန်းကို USB Cable ဖြင့်Computer  ဖြင့်ချိတ်ဆက်ပါ။

ဖုန်းကို Download Mode လုပ်ထားပါ။

၎။All about Root မှ Instrall ကိုနှိပ်ပါ။

၅။Root လုပ်မှာလားမေးလာရင် containue ကိုနှိပ်ပါ။

၆။ပြီးရင် Root Access ပေါ်လာပါမယ်။

၇။ဖုန်းကို Reboot လုပ်ခိုင်း၇င် Reboot လုပ်လိုက်ပါ။

ဒါဆို Ok ပါပြီ။

ကျနော့်ဆရာ ကိုအောင်ဆိုဒ် မှကူးယူပြီးပြန်လည်မျှဝေပေးသည်...။

Android Phone တွေကို Roots ဘာကြောင့် လုပ်ရတယ်


ဟိုနေ့က ကျွန်တော့်ကို အစ်ကိုတစ်ယောက် အကူအညီ တောင်းလို့ ဒီအကြောင်းအရာလေးကို တစ်ခြား မသိ့သေးတဲ့ သူတွေပါသိ့အောင်ဆိုပြီး Post ရေးပြီး တင်ပေးလိုက်တာပါ။ အဲဒီအစ်ကိုက သူ့ဖုန်းကို ဆိုင်မှာ မြန်မာ Fonts သွားထည့်တော့ ဆိုင်က ပြောတယ် ။ အစ်ကို့ဖုန်းက တစ်ခြားဖုန်းတွေလို မဟုတ်ဘူး။ root လုပ်ရတာလဲ မလွယ်ဘူး။ အရမ်းခက်တယ်တဲ့။ service ကြေး 13000 တောင်းတဲ့သူက တောင်း ၊ 15000 တောင်းတဲ့သူကတောင်းနဲ့ ။ ဘယ်ဆိုင်တွေလဲ ဆိုတာတော့ မရေးတော့ပါဘူး။ အဲဒီအစ်ကို ကိုင်တဲ့ဖုန်းက Samsung Galaxy Y GT-S5360 ပါ။ ကျွန်တော်လဲ အဲဒီ အစ်ကိုဖုန်းကို စမ်းလုပ်ပေးရင်းနဲ့ တစ်ခြား မသိ့သေးတဲ့ သူတွေပါ အဆင်ပြေအောင်ဆိုပြီး ရေးလိုက်တာပါ။ ပုံတွေနဲ့ သေချာ ရှင်းမပြနိုင်တာတော့ နားလည်ကြပါ။ ဒါပေမဲ့ အဆင်ပြေမှာပါ။
  

Friday, March 1, 2013

2013 ရဲ့ အကောင်းဆုံး Antivirus Software ၁၀ မျိုး




ကျွန်တော်တို့ရဲ့ Computer , Network , Personal Information တွေကို နှောက်ယှက်ဖျက်စီးနေတဲ့ virus တွေက တနေ့ တနေ့ကို မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ တစ်ချို့ကလဲ Target တစ်ခုအတွက် ရည်ရွယ်ရေးသားကြသလို ၊ တချို့ကလဲ မိမိရဲ့ Skill ကို စမ်းသပ်တဲ့အနေနဲ့ အပြုသဘောမျိုး ရေးသားကြတယ် ။ တစ်ချို့ကလဲ အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခု ယှဉ်ပြိုင် တိုက်ခိုက်ကြပေါ့။ အဲဒီလိုနဲ့ Internet World မှာ cyber crime တွေဖြစ်ကြ၊ Cyber War တွေ ဖြစ်ကြနဲ့ ကြားထဲက PC User တွေမှာ မြေဇာပင်သဘောမျိုး ဖြစ်ကြရတယ်။ အင်တာနက် သုံးရင်း အဖျက်အမှောက်၊ အနှောက်အယှက်တွေက မိမိတို့ရဲ့ computer ထဲကို မိမိ သတိမထားမိလိုက်တဲ့ အချိန်မျိုးတွေမှာပဲ ၀င်ရောက်လာကြတယ်။ ပုန်းအောင်နေကြတယ်။ သတိမမူ ဂူမမြင် ဆိုသလိုပဲ နောက်ဆုံး ကိုယ့်ရဲ့ အရေးကြီး Information တွေ ပျောက်ဆုံး ပျက်စီးကုန်တော့မှပဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ့ ဖြစ်ကုန်ကြရော။

ဒီ post ကို ရေးသားလိုက်တဲ့ အကြောင်းအရင်းက အဲဒါပါပဲ။ computer တစ်လုံးမှာ Antivirus Software ကောင်းကောင်း တစ်ခုတော့ ရှိနေသင့်ပါတယ်။ Virus ရေးသားသူတွေ ရှိနေကြသလို တနေ့ တနေ့ မရေမတွက်နိုင်အောင် များပြားနေတဲ့ Virus တွေကို စောင့်ကြည့်ကာကွယ်ပေးနေကြတဲ့ (ICSA Lab, NSS Lab … etc ) အဖွဲ့အစည်းတွေလဲ အများကြီး ရှိနေပါတယ်။ Personal Computer တစ်လုံးမှာ Antivirus Software ဆိုတာက မရှိမဖြစ် ထည့်သွင်းထားသင့်တဲ့ software တစ်ခုဖြစ်တာကြောင့် ဒီနေ့ 2013 ခုနှစ်အတွက် အင်တာနက်ပေါ်မှာ ရေပန်းစား နာမည်ကြီးနေတဲ့ Antivirus Software  (၁၀) မျိုးကို ကျွန်တော့် မိတ်ဆွေများအတွက် ကျွန်တော် ပြန်လည် မျှဝေပေးလိုက်ပါတယ်။ 


အခု ကျွန်တော် Share ပေးလိုက်တဲ့ software တွေက Full Version တော့ မဟုတ်ပါဘူး။ Free Version တွေပါ။ ကျန်တဲ့ အပိုင်းကတော့ မိမိတို့ရဲ့ လိုအပ်ချက်အရ Licence Version ၀ယ်သုံးရင်သုံး ဒါမှ မဟုတ် ထုံးစံအတိုင်း အွန်လိုင်းက Crack Version လေးတွေ ရှာသုံးကြပေါ့နော် … :P ။ အဆင်ပြေရင်လဲ ကျွန်တော် ရှာပြီး တင်ပေးပါ့မယ်။ တခြားနည်းပညာ site တွေမှာလဲ တင်ထားပေးတာ ရှိနိုင်ပါတယ်။ လောလောဆယ်တော့ connection အခက်အခဲကြောင့် http://download.cnet.com နဲ့ http://www.scanwith.com/ တို့ကနေ ရှာပြီး တင်ပေးလိုက်ရပါတယ်။

ဝင်းဒိုးပိုင်းဆိုင်ရာ Error တွေအတွက် အထူးကုသမားတော်



ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေဟာ သုံးနေပြုနေရင်း ကြာလာတော့ Error တွေ တစ်မျိုးပြီးတစ်မျိုးတက် ..
ပြင်လို့လွယ်တာလည်းရှိသလို ပြင်ဖို့အတွက် ခက်ခဲတာလည်းရှိပါတယ် ..
အဲဒီထက်ဆိုးတာက ဘယ်နေရာမှာဖြစ်တဲ့ Error မှန်းမသိပဲ .. Error ရဲ့ ခြေရာလက်ရာကိုပဲ မြင်နေရတဲ့ အဖြစ်မျိုးကလည်းရှိသေးတယ် ..
Service Center တွေကို သွားပြန်တော့လည်း ပြန်ကောင်းလာအောင် ပြင်ပေးပြီး Service ခ သာတောင်းယူထားလိုက်တယ် ..
User ရှေ့မှာ ပြင်ပြတာမျိုးကလည်း ခပ်ရှားရှားဆိုတော့ အလားတူ Error မျိုးတွေ ထပ်ကြုံလာရင် ဆိုင်ပြန်ပို့ရပြန်ရော ...

ကဲ .. အဲဒါဆိုရင် Error တစ်ခုခုတက်လာရင် အဲဒီ Error ကို ကိုယ်တိုင် မဖြေရှင်းတတ်ရင်တောင် .. Error ဖြစ်နေတာကို
ရှာဖွေပြီး ပြုပြင်ပေးမယ့် PC Mechanic လေးတစ်ယောက်လောက် ကိုယ့်နားမှာရှိနေရင် မကောင်းပေဘူးလားဗျာ ..
တစ်ကယ်တော့ .. အဲဒီလို ပုဂ္ဂိုလ်မျိုးကို ကိုယ့်ဘေးနားခေါ်ထားဖို့ဆိုတာကလည်း မဖြစ်နိုင်ပြန်ပါဘူး .. ( High Boss တွေ ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ )
ကဲ .. အဲဒီတော့ .. ကျွန်တော်က သူငယ်ချင်းတို့ကို ... သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာမှာ ၀င်းဒိုးပိုင်းဆိုင်ရာ Error တွေတက်လာရင်
သူ့အလိုလို အဖြေရှာပြီး ပြုပြင်ပေးသွားမယ့် ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ် ..
ကျွန်တော် .. ဒီဆော့ဝဲလေးကို Microsoft Forum ထဲက ရလာတာခင်ဗျ ..
ရလာပုံကိုပြောပြဦးမယ် ..