Showing posts with label ဆော့ဝဲလ်. Show all posts
Showing posts with label ဆော့ဝဲလ်. Show all posts

Sunday, June 2, 2013

Dublicate Cleaner freeware

System နဲ့ မပတ်သက်တဲ့ mp3,documents စတဲ့ ဒေတာတွေဟာ ဟိုထား ဒီပွားနဲ့ ကြာတော့ နှစ်ခုသုံးခု ထပ်လာပါတယ်။ သန့်ရှင်းရေးလုပ်ဖို့က လိုက်ရှာနေဖို့ အချိန်ကုန်သလို music dublicate လုပ်နိုင်မယ့် ဆော့ဖ်ဝဲလ်ဘဲ ရှိတော့ နဲနဲရှာကြည့်တာ Dublicate cleaner freeware လေးတွေ့တယ်။



Photo,music,video,txt and document တွေကို တစ်မျိုးခြင်း သို့ တစ်ပေါင်းတည်း ရှာနိုင်ပါတယ်။ သုံးရတာလည်း လွယ်ကူပါတယ်။ ရှာချင်တဲ့ ဖိုဒါကို ရွေးပြီး ရှာဖွေမယ့် အမျိုးအစား သတ်မှတ်ပေးရုံပါ။
သတ်မှတ်လိုက်တဲ့ အပေါ် မူတည်ပြီး file name တူတာတွေ သို့ name,date and size တူတဲ့ ဖိုင်တွေ ကို ကာလာ ဆယ်မျိုးနဲ့ တူရာ ခွဲပြပေးပါတယ်။ ပိုနေတာတွေ check လုပ်ပြီး delete လုပ်ပေးလိုက်တာ HD လည်း အတော် ၀န်ပေါ့ သွားရှာတယ် :D ။


Create Video Tutorials and Presentations using Wink

ခေါင်းစဉ်ကိုဖတ်ကြည့်လိုက်တာတင်သိမှာပါ...မသုံးဖူးသေးရင်စမ်းသုံးကြည့်စေချင်ပါတယ်.. Tutorial တွေ၊ Presentation တွေနဲ့ပဲအမြဲအလုပ်လုပ်နေရတဲ့ မိတ်ဆွေတွေအတွက်တော်တော်ကိုအသုံးတည့်မှာပါ...


Using the tool is very easy, and the output file can be played in most of the systems that have Macromedia Flash Player installed.
Features:
•    Available to use on all versions of Windows and Linux
•    Record audio while creating the video
•    Capture screenshots from your PC, or use images in BMP/JPG/PNG/TIFF/GIF formats.
•    Capture screenshots automatically as you use your PC, based on mouse and keyboard input
•    Free tool to use
Download Wink
You might also like:

Friday, March 29, 2013

အိုင်ပီဖျောက်ချင်သူတွေအတွက် ဆော့ဝဲလ်ကောင်းလေး





                    အိုင်ပီဖျောက်ချင်တဲ့ဘော်ဘော်တွေအတွက် ဆော့ဝဲလ်ကောင်းလေး မျှဝေလိုက်ပါတယ်။
တကယ် HIDE ပေးပြီး အသုံးပြုတဲ့ Browser ကိုလည်း ပေါ့ပါစွာအလုပ်လုပ်စေပါတယ်။ အဆင်ပြေမယ်ထင်ပါတယ်။Full Version ဖြစ်ဖို့အတွက်လည်း Patch ဖိုင် ပါပြီးသားပါ။


360Amigo System Speedup Pro 1.2.1.8200 + Serial

စက်ကလေးလို့ စိတ်ညစ်နေရင် ဒီဆော့ဝဲလေးကိုသုံးကြည့်ပါ။
အရင်ကထက် ၃-ဆလောက်ပိုမြန်လာပါလိမ့်မယ်။Speed Up
ကိုမြှင့်ပေးတဲ့ ဆော့ဝဲလေးပါ။
Instrall လုပ်ပြီးရင်ပေးထားတဲ့ Serial ကီးကိုထည့်လိုက်ပါ။
လိုရင်ဒေါင်းလုပ်ယူလိုက်ပါ။

                               Download

မိမိရဲ့ IP Address ကိုဖျောက်ထားချင်သူတွေအတွက် Mask My IP

 အင်တာနက်မှာ မိမိရဲ့ IP Address ကိုတခြားသူတွေမသိစေချင်လို့ဖျောက်ထားချင်ရင်..

ဒါမှမဟုတ် Hack မှာကြောက်လို့ Fake IP အဖြစ်နဲ့အင်တာနက်ကစားချင်ရင် ဒီဆော့ဝဲလေး

ကိုသုံးကြည့်ပါ။မိမိရဲ့ IP လိပ်စာကို Fake ကိုကလစ်ပေးပြီးပြောင်းထားလိုက်ရင် IP ကိုလိုက်လို့

မရတော့ပါဘူး။

Set up ကို Instrall လုပ်ပါ။

Patch ဖိုင်ကို Double ကလစ်ဖြင့် Run ပါ။ 

Patch ကိုကလစ်ပေးပါ။သုံးလို့ရပါပြီ။

                                              Download

Friday, March 1, 2013

2013 ရဲ့ အကောင်းဆုံး Antivirus Software ၁၀ မျိုး




ကျွန်တော်တို့ရဲ့ Computer , Network , Personal Information တွေကို နှောက်ယှက်ဖျက်စီးနေတဲ့ virus တွေက တနေ့ တနေ့ကို မရေမတွက်နိုင်အောင် များပြားလွန်းလှပါတယ်။ တစ်ချို့ကလဲ Target တစ်ခုအတွက် ရည်ရွယ်ရေးသားကြသလို ၊ တချို့ကလဲ မိမိရဲ့ Skill ကို စမ်းသပ်တဲ့အနေနဲ့ အပြုသဘောမျိုး ရေးသားကြတယ် ။ တစ်ချို့ကလဲ အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခု ယှဉ်ပြိုင် တိုက်ခိုက်ကြပေါ့။ အဲဒီလိုနဲ့ Internet World မှာ cyber crime တွေဖြစ်ကြ၊ Cyber War တွေ ဖြစ်ကြနဲ့ ကြားထဲက PC User တွေမှာ မြေဇာပင်သဘောမျိုး ဖြစ်ကြရတယ်။ အင်တာနက် သုံးရင်း အဖျက်အမှောက်၊ အနှောက်အယှက်တွေက မိမိတို့ရဲ့ computer ထဲကို မိမိ သတိမထားမိလိုက်တဲ့ အချိန်မျိုးတွေမှာပဲ ၀င်ရောက်လာကြတယ်။ ပုန်းအောင်နေကြတယ်။ သတိမမူ ဂူမမြင် ဆိုသလိုပဲ နောက်ဆုံး ကိုယ့်ရဲ့ အရေးကြီး Information တွေ ပျောက်ဆုံး ပျက်စီးကုန်တော့မှပဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ့ ဖြစ်ကုန်ကြရော။

ဒီ post ကို ရေးသားလိုက်တဲ့ အကြောင်းအရင်းက အဲဒါပါပဲ။ computer တစ်လုံးမှာ Antivirus Software ကောင်းကောင်း တစ်ခုတော့ ရှိနေသင့်ပါတယ်။ Virus ရေးသားသူတွေ ရှိနေကြသလို တနေ့ တနေ့ မရေမတွက်နိုင်အောင် များပြားနေတဲ့ Virus တွေကို စောင့်ကြည့်ကာကွယ်ပေးနေကြတဲ့ (ICSA Lab, NSS Lab … etc ) အဖွဲ့အစည်းတွေလဲ အများကြီး ရှိနေပါတယ်။ Personal Computer တစ်လုံးမှာ Antivirus Software ဆိုတာက မရှိမဖြစ် ထည့်သွင်းထားသင့်တဲ့ software တစ်ခုဖြစ်တာကြောင့် ဒီနေ့ 2013 ခုနှစ်အတွက် အင်တာနက်ပေါ်မှာ ရေပန်းစား နာမည်ကြီးနေတဲ့ Antivirus Software  (၁၀) မျိုးကို ကျွန်တော့် မိတ်ဆွေများအတွက် ကျွန်တော် ပြန်လည် မျှဝေပေးလိုက်ပါတယ်။ 


အခု ကျွန်တော် Share ပေးလိုက်တဲ့ software တွေက Full Version တော့ မဟုတ်ပါဘူး။ Free Version တွေပါ။ ကျန်တဲ့ အပိုင်းကတော့ မိမိတို့ရဲ့ လိုအပ်ချက်အရ Licence Version ၀ယ်သုံးရင်သုံး ဒါမှ မဟုတ် ထုံးစံအတိုင်း အွန်လိုင်းက Crack Version လေးတွေ ရှာသုံးကြပေါ့နော် … :P ။ အဆင်ပြေရင်လဲ ကျွန်တော် ရှာပြီး တင်ပေးပါ့မယ်။ တခြားနည်းပညာ site တွေမှာလဲ တင်ထားပေးတာ ရှိနိုင်ပါတယ်။ လောလောဆယ်တော့ connection အခက်အခဲကြောင့် http://download.cnet.com နဲ့ http://www.scanwith.com/ တို့ကနေ ရှာပြီး တင်ပေးလိုက်ရပါတယ်။