Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Saturday, September 28, 2013

Talking Tom 2.1.3

Talking Tom 2.1.3

ဒီ android application လေးကတော့ ကလေးလည်းကြိုက် လူကြီးလည်းကြိုက်ပါ။ စိတ်ရှုပ်လာလို့ ရီချင်ရင် ဒီ application ကို သုံးကြည့်လိုက်ပါ။ ကိုပြောသမျှကို သူလိုက်ပြောပါလိမ့်မယ်။ ဘယ်လိုအသံထွက်လဲ ဘယ်လိုပြန်ပြောသလဲ စမ်းကြည့် လိုက်ပါ။ ကျွန်တော် ကွန်ပျူတာကြည့်လို့ နည်းနည်းခေါင်း မူးနောက်နောက် ဖြစ်လာရင် ဒီကောင်လေးနဲ့ စကားပြောကြည့်ပြီး နည်းနည်း ရီလိုက်ရင် ခေါင်းပေါ့သွားတာပါပဲ။ 

Minus | Mediafire | Filecloud

Friday, March 29, 2013

Account တခုအားလုံခြုံစွာ ထိန်သိမ်းခြင်း



အင်တာနက်လောကမှာ မကြာခဏ ကြားနေတာကတော့ ဟက်ထိလို့၊ကိုယ့်အကောင့်လေး
ဟက်သွားလို့..ဆိုတဲ့စကားသံတွေပါဘဲ..။ဒီလိုအဟက်မခံရအောင် ဘယ်လိုလုပ်ရမလဲ….
ဆိုရင်တော့ မိမိအကောင့ိကို လုံခြုံစွာ ထိန်းသိမ်းတတ်ဘို့ပါဘဲ။
အင်တာနက်မှာ Gmail,Yahoo mail,Hotmail,AOL,GMX…စတဲ့အီးမေးလ်တွေအများကြီးရှိတဲ့
အနက် တကမ္ဘာလုံး လူသိအများဆုံး နဲ့ အသုံးအများဆုံးက Gmail ပါဘဲ..။အင်တာနက်သုံးသူ
၄၀-ရာနှုန်းကျော်ကျော်က Gmail ဘဲသုံးကြပါတယ်။အသုံများသလောက်မကြာခဏလဲအဟက်
ခံ ထိကြပါတယ်။ဟက်ခံလိုက်ပြန်ပြီဆိုတာနဲ့အကောင့်ကိုပြန်ယူတတ်လို့ပြန်လိုက်တတ်လို့ ပြန်ရ
ရင်တောင် မူလအတိုင်းမရတော့ပါဘူး….။တစစီဖြစ်နေပါပြီ။
FB,Skype,VZO,Camfrog.ICQ,Messenger,Twitter,ooVoo…စတဲ့ Chatting လုပ်နိုင်တဲ့
Social Network များကလဲ စောစောကပြောတဲ့အိးမေးလ်ထဲကတခုခုရှိမှ အကောင့်ဖွင့်လို့ရတာပါ။
အီးမေးလ်ပါသွားရင်ကျန်တဲ့ချက်တင်တွေလဲအလိုလိုအားပြီပေါ့။ဒီတော့အကောင့်ကိုဘယိလိုကာကွယ်ကြမလဲ..။
၁။မိမိအကာင့်ကို တခြားသူ(မည်မျှပင်ယုံကြည်ရသူဖြစ်ပါစေ)ပေးမသုံးပါနှင့်။
၂။အကောင့်ဝင်ပြီးတိုင်း sign out ဖြင့်သေချာပြန်ထွက်ပါ။
၃။အသုံးပြုသည့် Browser မှ သင့် Password သိမ်းထားရမလား၊မှတ်ထားရမလား မေးလာ
တိုင်း No ကိုသာနှိပ်ပါ။
၎။အင်တာနက်သုံးပြီးတိုင်း CCleaner ဖြင့် Saved Pasword ကိုဖျက်ပစ်ပါ။
၅။Web site များဝင်သည့်အခါ Pop up ဘောက်ကျလာသောဆိုဒ်များ၊မိမိမသိသော ဆိုဒ်များ မှာ

မလိုအပ်ဘဲ Sign in မဝင်ပါနှင့်။
၆။ဆော့ဝဲများဒေါင်းလုပ်လုပ်သည့်အခါ Sign in ကိုအရမ်းမလုပ်ပါနှင့်။Sign in ဝင်ခိုင်းသည့်နေရာ
တွင် Professional Hacker များက သူတို့၏ Sigm in အတုဖြင့်အစားထိုး၍စောင့်နေတတ်ပါသည်။
၇။မိမိအကောင့်Password သည်ခိုင်မာတာင့်တင်းရပါမည်။
   Password ကို
   (က)စာချည့်သက်သက်မထားပါနှင့်။
   (ခ)ဂဏန်းချည်းသက်သက်မထားပါနှင့်။
   (ဂ) ၁၀-လုံးထက်နည်းသောPassword ကိုအသုံးမပြုပါနှင့်။
    (ဃ)password သည် ဂဏန်၊အက္ခရာ၊သင်္ကေတ များဖြင့်အနဲဆုံး (၁၈)လုံးအထက်မှာထားသင့်
         ပါသည်။
    (င)တတ်နိုင်လျှင် တခြားဘာသာစကား အက္ခရာများကြားညှပ်၍ထည့်ထားပါ။
        (ဥပမာ..တရုတ်၊ဂျပန်၊ထိုင်း…စသဖြင့်)
၈။မိမိစိတ်တွင်သံသယဖြစ်ဖွယ်တွေ့ပါက Password ကိုချက်ချင်းပြောင်းလိုက်ပါ။
၉။သူတပါး၏ FB Profile သို့ဝင်၍ အလွယ်တကူ Like လုပ်ခြင်း၊Comment ပေးခြင်းများ တတ်နိုင်
သမျှရှောင်ပါ။
၁၀။မိမိမသိဘဲဝင်လာသောသူများ၊မိမိ မရင်းနှီးသောသူများကို Accept မလုပ်ပါနှင့်။သူငယ်ချင်း
အဖြစ်ချက်ချင်းလက်မခံပါနှင့်။
၁၁။အကောင့်အတွက်လိုအပ်သောဖုန်းနံပါတ်များ၊Security မေးခွန်းများကိုဖြေဆို၍ သေချာမှတ်သား
ထားပါ။
အားလုံးဘဲစိတ်ပျော်ရွှင်စွာဖြင့်မိမိအကောင့်များကိုသုံးနိုင်ကြပါစေ..။

iPhone များတွင်မြန်မာဖေါင့် ထည့်နည်း

IOS များတွင် ဇော်ဂျီမြန်မာဖေါင့်ထည့်နည်း

 အမေရိက မှ ညီမငယ်တယောက်အတွက် iOS တွေမှာမြန်မာဖေါင့်ထည့်နည်းလေးကို တင်လိုက်ပါတယ်။
ဒီနည်းက ဘလော့တခုမှာတင်ထားတဲ့ ဗီဒီယို ကလစ်ပ် လေးကို Image ပုံစံပြောင်းပြီးတင်ပေးလိုက်ခြင်း
ဖြစ်ပါတယ်။ပုံတွေအတိုင်း အစဉ်လိုက်သာလုပ်ဆောင်သွားပါ။အိုကေပါလိမ့်မယ်။
မြန်မာဖေါင့်ထည့်မဲ့ iOS က Jailbreak လုပ်ပြိးသားဖြစ်ရပါမယ်။


အားလုံး အဆင်ပြေကြမယ်လို့  မျှော်လင့်လျက်......

Friday, March 1, 2013

ဝင်းဒိုးပိုင်းဆိုင်ရာ Error တွေအတွက် အထူးကုသမားတော်



ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေဟာ သုံးနေပြုနေရင်း ကြာလာတော့ Error တွေ တစ်မျိုးပြီးတစ်မျိုးတက် ..
ပြင်လို့လွယ်တာလည်းရှိသလို ပြင်ဖို့အတွက် ခက်ခဲတာလည်းရှိပါတယ် ..
အဲဒီထက်ဆိုးတာက ဘယ်နေရာမှာဖြစ်တဲ့ Error မှန်းမသိပဲ .. Error ရဲ့ ခြေရာလက်ရာကိုပဲ မြင်နေရတဲ့ အဖြစ်မျိုးကလည်းရှိသေးတယ် ..
Service Center တွေကို သွားပြန်တော့လည်း ပြန်ကောင်းလာအောင် ပြင်ပေးပြီး Service ခ သာတောင်းယူထားလိုက်တယ် ..
User ရှေ့မှာ ပြင်ပြတာမျိုးကလည်း ခပ်ရှားရှားဆိုတော့ အလားတူ Error မျိုးတွေ ထပ်ကြုံလာရင် ဆိုင်ပြန်ပို့ရပြန်ရော ...

ကဲ .. အဲဒါဆိုရင် Error တစ်ခုခုတက်လာရင် အဲဒီ Error ကို ကိုယ်တိုင် မဖြေရှင်းတတ်ရင်တောင် .. Error ဖြစ်နေတာကို
ရှာဖွေပြီး ပြုပြင်ပေးမယ့် PC Mechanic လေးတစ်ယောက်လောက် ကိုယ့်နားမှာရှိနေရင် မကောင်းပေဘူးလားဗျာ ..
တစ်ကယ်တော့ .. အဲဒီလို ပုဂ္ဂိုလ်မျိုးကို ကိုယ့်ဘေးနားခေါ်ထားဖို့ဆိုတာကလည်း မဖြစ်နိုင်ပြန်ပါဘူး .. ( High Boss တွေ ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ )
ကဲ .. အဲဒီတော့ .. ကျွန်တော်က သူငယ်ချင်းတို့ကို ... သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာမှာ ၀င်းဒိုးပိုင်းဆိုင်ရာ Error တွေတက်လာရင်
သူ့အလိုလို အဖြေရှာပြီး ပြုပြင်ပေးသွားမယ့် ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ် ..
ကျွန်တော် .. ဒီဆော့ဝဲလေးကို Microsoft Forum ထဲက ရလာတာခင်ဗျ ..
ရလာပုံကိုပြောပြဦးမယ် ..

Computer သုံးသူတိုင်း အလွတ်နီးပါးလေ့လာထားသင့်တဲ့ စာအုပ်လေး



ဒီနေ့တော့ သူငယ်ချင်းတို့ကို ကွန်ပြူတာတစ်လုံးမှာ တပ်ဆင်အသုံးပြုထားတဲ့  Hardware ပိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အသေးစိပ်လေ့လာနိုင်မယ် စာအုပ်တစ်အုပ် မျှဝေပေးပါမယ့်
A+ စာအုပ်လေးပါ .. A+ သင်တန်းတွေ အများကြီးရှိတာကိုတော့ သူငယ်ချင်းတို့လည်း သိထားပြီးဖြစ်မှာပါ
A+ ကို ကျေညက်အောင်လေ့လာထားပြီးပြီဆိုရင် ကွန်ပြူတာမှာဖြစ်လာတဲ့ Error တွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားတဲ့နေရာမှာ ပိုပြီး တိကျမြန်ဆန်မှန်ကန်မှုရှိလာတာကို သူငယ်ချင်းတို့ သိလာပါလိမ့်မယ် ...

တစ်ကယ်တော့ ဆော့ဝဲတွေမှန်သမျှဟာ Hardware တွေ အလုပ်လုပ်တဲ့လမ်းကြောင်းတွေကိုပဲ ကိုယ်လိုသလို Command လိုင်းတွေရေးသားပြီး ဖန်တီးထားပဲဖြစ်ပါတယ် ..
အဲဒီတော့ ဆော့ဝဲပိုင်းကိုလေ့လာမယ့်လူတွေတောင် Hardware ပိုင်းကို လွှတ်ထားလို့မရပါဘူး ..
Hardware ပိုင်းကို နိုင်နင်းချင်ရင်တော့ A+ သင်တန်းလိုမျိုးတွေကို အချိန်ကုန်ခံ ငွေကုန်ခံပြီး တက်ရောက်လေ့လာရပါတယ် ...
ဒါပေမယ့် အချိန်မပေးနိုင်တာပဲဖြစ်ဖြစ် ငွေကြေးအဆင်မပြေတာပဲဖြစ်ဖြစ် A+ သင်တန်းတွေမတက်နိုင်လို့ စိတ်ညစ်မနေပါနဲ့ ဒီစာအုပ်လေးဟာ A+ သင်တန်းတွေမှာ သင်ကြားပေါ်မယ့် Course တွေပဲ ဖြစ်ပါတယ် ..



ဒေါင်းပြီးလို့ ဖိုင်ဖြည်တဲ့အခါ Password များတောင်းခဲ့ရင် itmotesoe လို့ ထည့်ပေးလိုက်ပါ ..
ကျွန်တော်လည်း ဘယ်ဖိုင်တွေကို Password ခံထားမိတယ်ဆိုတာ မမှတ်မိတော့ပါဘူး ..
mediafire က ကျွန်တော့်ဖိုင်တွေကို ဖျက်ပစ်တာခံထားရလို့ ဖိုင်တွေကို Password ခံထားရတာကို သည်းခံပေးစေချင်ပါတယ် ..

Android အတွက် Apk ဖိုင် လွယ်လွယ်ကူကူနဲ့ ဖန်တီးမယ်

Blogger Widgets

 


 
လွယ်ပါတယ် အရမ်းကို လွယ်ကူပါတယ် အဆင့်နှစ်ဆင့်ထဲနဲ့  Apk file လေးတွေကို Online ပေါ်မှာ မိနစ်ပိုင်းအတွင်းဖန်တီးနိုင်မှာပါ 
ဖန်တီးရမယ့်Apk ဖိုင်လေးရဲ့ အကြောင်းကတော့ အင်တာနက်ပေါ်မှာ မိမိ သဘောကျတဲ့ ဆိုဒ်ကလေးတွေကို ဖုန်းထဲမှာ ဖုန်းစကရင် နဲ့ Fix အဖြစ် ဖတ်ရှူ့လို့ရအောင်  ကိုယ်တိုင်လုပ်ကြည့်မှာပါ ။ 
ဖုန်းမှာပေါ်မယ့် Apk ရဲ့ iCon ကိုလဲ ကြိုက်တဲ့ပုံထည့်လို့ရပါတယ် ။
ကျနော်ကတော့ ကျနော်တို့ဘလော့လေးတစ်ခုကို Apk Market လေးတစ်ခုအဖြစ် လုပ်လိုက်ပါတယ် 
http://freemobilesharing.blogspot.com ရဲ့  MMF Market ကို လိုချင်သူများ ဒီမှာဒေါင်းပါ ။

ပထမဆုံး ဒီမှာကလစ်နှိပ်ပြီး ဖိုင်ဖန်တီးမဲ့ ၀က်ဆိုဒ် ဆီကို သွားပါ http://www.appsgeyser.com/

ဆိုက်ထဲရောက်ပြီဆိုရင် အဲဒီမှာ ကျနော်ပုံမှာဝိုင်းထားတဲ့အတိုင်း CREATE APP NOW! ဆိုတဲ့စာလေးကိုနှိပ်လိုပါ




အောက်ကကျနော်ပုံမှာဝိုင်းထားတဲ့အတိုင်း WEBSITE ဆိုတဲ့စာလေးကို နှိပ်လိုက်ပါ ။




အဲဒီမှာ အောက်ကကျနော်ပုံမှာ ပြထားတဲ့အတိုင်း 

( 1 ) မှာ သင့်ရဲ့ ဆိုက်လင့်ကို ထည့်ပါ

( 2 )  သင့် Apk ကို ဖုန်းမှာအင်စတောလုပ်လိုက်တဲ့အခါမှာ iCon နာမည်လေးကို သင်ကြိုက်နှစ်သက်ရာထားပါ ။

Description ဆိုတဲ့အကွက်မှာ ဖြည့်ရန်မလိုပါ ။

( 3 ) သင့် Apk ကို ဖုန်းမှာအင်စတောလုပ်လိုက်တဲ့အခါမှာ iCon ပုံလေးကို သင်ကြိုက်နှစ်သက်ရာထားဖို့ရန် Custom iCon ကိုရွေးပြီး UPLOAD ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါ သင့် My Computer ဘောက်လေးထွက်လာပါမယ် သင်မှာရှိသောပုံကို ရွေးခြယ်ပြီး iCon ပုံထားနိုင်ပါတယ် ။

( 4 )  Auto စာလေးကို ရွေးထားပေးပါ ။
ပြီးပြီဆိုရင် CREATE APP  ဆိုတဲ့ ဝိုင်းထားတဲ့စာကိုနှိပ်လိုက်ပါ ။




အပေါ်ကအဆင့်တွေ လုပ်ပြီးတဲ့အခါမှာ အောက်ကပုံအတိုင်းထွက်လာပါမယ် သူ့ဆိုက်မှာ မန်ဘာဝင်ဖို့ရန် Register ဖြည့်ရပါမယ် ။
First Name = သင့်ရဲ့နာမည်ဖြည့်ရန်

Last Name = သင့်ရဲ့နာမည်ဖြည့်ရန်

E-mail    =  သင့်ရဲ့ အီးမေးဖြည့်ရန်

Password = သင်သူ့ဆိုက်ကို ဝင်ဖို့ရန် ကြိုက်နှစ်သက်ရာ ပတ်စဝတ် ထည့်ရန်

Retype Password = သင်ထည့်ထားသော ပတ်စဝတ်ကို နောက်တစ်ခါမှန်အောင်ဖြည့်ထည့်ရန်

I agree with the ဆိုတဲ့ မြှားပြထားတဲ့စာလေးကို အမှန်ခြစ်ပေးပါ ။
အားလုံးပြီးပြီဆိုရင်တော့ ပုံမှာဝိုင်းပြထားတဲ့ SIGN UP ဆိုတဲ့စာလေး နှိပ်လိုက်ပါ ။




အပေါ်ကအဆင့်တွေ အားလုံးဖြည့်ပြီးပြီဆိုရင် မိမိလုပ်ထားသော Apk ဆော့ဝဲလေးအား ဒေါင်းဖို့ရန် Download စာမျက်နှာလေးထွက်လာပါပြီ ပုံမှာမြှားပြထားသော စာလေးကိုနှိပ်၍ သင့်ဆော့ဝဲ Apk အားဒေါင်းနိုင်ပါပြီ ။




ကဲ... အားလုံးပဲ အဆင်ပြေစွာဖြင့် ပျော်ရွှင်နိုင်ကြပါစေ.....

Swish version 2 ပါ


Version 2.0 ပါ သူငယ်ချင်းတစ်ယောက်တောင်ထားလို့ တင်ပေးလိုက်ပါတယ် လိုချင်တဲ့သူများရှိရင်လည်း အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်ဗျာ အားလုံးပဲအဆင်ပြေပါစေဗျာ




4Media Video Converter Ultimate 6.7.0.0913

 

 မင်္ဂလာပါဗျာ ကျွန်တော် တင်ပေးချင်တဲ့ ဆော့ဝဲလ်ကတော့ Video Converter လေးပဲဖြစ်ပါတယ် တော်တော်
လေးအဆင်ပြေပါတယ် အသုံးဝင်မည့်သူများအောက်မှာဒေါင်းယူနိုင်ပါတယ်ခင်ဗျာ...



Wednesday, February 27, 2013

Folder Lock 7.0.6 လိုချင်တဲ့သူတွေအတွက်

Folder Lock 7.0.6


Folder Lock ချတဲ့ ဆော့ဖ်ဝဲလေးကို တောင်းထားတဲ့သူရှိလို့ အရင်တင်ပေးလိုက်ပါတယ်..။ တခြားတောင်းထားတဲ့ ဆော့ဖ်ဝဲများကိုလည်း စမ်းသုံးကြည့်ပြီး အဆင်ပြေရင် တင်ပေးပါအုန်းမယ်..။ ဒီကောင်လေးကို ဘယ်လိုသုံးလဲဆိုတာ အောက်မှာပုံလေးတွေနဲ့ ရှင်းပြထားပါတယ်.. မသုံးတတ်တဲ့ သူများအတွက်ပါ.. သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ လိုအပ်တဲ့သူများတော့ အောက်ကလင့်တွေ ကနေဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7.7 MB ရှိပါတယ်..။



ဒီကောင်လေးကို Install ဆွဲထည့်ပြီးရင်တော့ အောက်ကပုံအတိုင်း သူ့ထဲမှာပါလာတဲ့ သူ့ရဲ့ကီးလေးကို ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..

 key ထည့်ပြီးလို့ ဖူးဖြစ်သွားရင် အောက်ကပုံအတိုင်း မိမိတို့ အမြဲအသုံးပြုမယ့် Password ကို ၂ခါမှန်အောင် ထည့်ပေးလိုက်ပါ.. ဒီကောင်လေးကို ဖွင့်သုံးတိုင်း၊သုံးတိုင်း ဒီ Password ကိုထည့်ပေးရမှာပါ..။ ဒါကြောင့် ဒီ Password ကိုမှတ်မိအောင် လေ့ကျင့်ထားပါ...